ဆိပ်ဖြူမြို့ ကြက်သွန်နီများ ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)အတွင်း ကုန်စည်ဒိုင်ပွဲရုံများသို့ တစ်ရက်လျှင် ပိဿာ(၃)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခန့်၊ (၁)ပတ်အတွင်း ကုန်စည်စီးဆင်းမှုပိဿာ (၃)သိန်းခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ဩဂုတ်လ (ပထမပတ်)အတွင်း ကြက်သွန်နီဈေးနှုန်းမှာ (၁)ပိဿာလျှင် အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၂၁၀၀ မှ ၁၉၅၀)၊ အလတ်စ ကျပ်(၁၈၅၀ မှ ၁၈၀၀)၊ အနိမ့်ဈေး ကျပ်(၁၇၅၀မှ၁၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ(၁)ပိဿာလျှင် ကျပ်(၂၀၂၅)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ်တွင် အမြင့်ဈေး ကျပ်(၂၁၀၀)ဖြစ်၍ ကျပ်(၇၅) ဈေးနှုန်းမြင့်တက်ကြောင်းနှင့် အလတ်စမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများသို့ ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရသည်။ ယခု ဩဂုတ်လ (ပထမ)ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ(၃)သိန်းခန့်၊ (၁၀၀၀၀)အိတ်၊ တန်ချိန် (၄၉၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။
ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၀၀၀ မှ ၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)