မကွေးမြို့၊ မြို့မဈေး၌ မကွေးမြို့ပေါ်ရှိ ဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာတို့မှ လာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မကွေးမြို၊ မြို့မဈေးတွင် ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ (ပထမအပတ်)အတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၄၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ် (၉၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ် (၇၀၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ မန်ကျီးသီးမှည့် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ အာလူး (၁)ပိဿာလျှင် အကြီး၊ အသေးပေါ်မူတည်၍ ကျပ်(၂၆၀၀-၃၀၀၀)အတွင်း၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၇၆၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၇၇၀၀)၊ ကြက်သား(CP) (၁)ပိသာလျှင် ကျပ်(၈၀၀၀-၉၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား (၁)ပိဿာ လျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၉၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ မေးမြန်းသိရှိရပါသည်။
DOCA(မကွေး)