အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂-၈-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၈-၈-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)မြင့်တက်ခဲ့ပြီး (၃၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲကြီးမှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၅၀၀၀မှ ၉၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၅၀၀၀မှ ၉၈၀၀၀)၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၄၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ၊ ပဲစဉ်းငုံ(နီ) ယခင် အပတ်တွင် ကျပ်(၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၀၀၈၀၀)ဖြစ်၍ ကျပ်(၈၀၀) ဈေးမြင့်ခဲ့ ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၉၅၀၀) ဖြစ်၍ ကျပ်(၅၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင်အပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၅၀၀၀မှ ၅၇၀၀၀) ဖြစ်၍ ကျပ်(၄၀၀၀မှ ၆၀၀၀)ဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၃၄၀)အိတ်၊ မတ်ပဲ (၂၂၀)အိတ်၊ ကုလားပဲ(H-L) (၅၀၀)အိတ်၊ ကုလားပဲ (မြကြေး) (၄၅၀)အိတ်၊ ပဲကြီး(၂၈၀)အိတ်၊ ပဲတီစိမ်း (၁၈၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၃၀၀)ဖြစ်၍ ကျပ်(၃၀၀)ဈေးမြင့်ခဲ့ပြီး (၃၀)ပိဿာဝင်အိတ်များဖြင့် (၂၀၀)အိတ် အရောင်း အဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့တင်ပို့ ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)