Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊  ဧရာမင်း (ဆန်) တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်မှ ၁၁၆၀၀၀ကျပ်အထိ၊ ဧည့်မထဆန် (သစ်) တစ်အိတ်လျှင် ၈၅၀၀၀ကျပ်မှ ၈၆၀၀၀ကျပ်အထိ၊ ပဲဆီတစ်ပိဿာလျှင် (၁၃၄၅၀-၁၃၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၈၄၀၀ကျပ်မှ ၈၅၀၀ကျပ်အထိ၊ ဆားတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်အထိ၊ ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၁၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ၆၈၀၀ကျပ်မှ ၇၀၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၈၃၀၀ကျပ်မှ ၈၅၀၀ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၆၀၀ကျပ်အထိ၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ၊ နနွင်းတက်တစ်ပိဿလျှင် ၅၈၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) တစ်စည်းလျှင် ၇၀၀ကျပ်၊ ကြက်သားတစ်ပိဿလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်အထိ၊ ဆိတ်သားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်မှ ၂၆၀၀၀ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ ကြက်ဥ (၁) လုံးလျှင် ၂၆၀ကျပ်၊ ဘဲဥ (၁) လုံးလျှင် ၄၀၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁) လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ ကျပ်အထိ၊ ဖရဲသီး (၂၁၁) (၁) လုံးလျှင် ၄၀၀၀ကျပ်၊ သခွားမွှေး (၁) လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရသည်။

  ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သောဆန်ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်နေပါကြောင်း၊   စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)