Main menu

ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

    ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ ဒုတိယအပတ်တွင် ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ် အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၀၀၀၀)ကျပ် ရှိကြောင်း သိရသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီးပေါ် မူတည်၍ တစ်ပိဿာ (၂၅၀၀ မှ ၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ(၃၂၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၇၀၀၀)ကျပ်၊ ကုလား ပဲတစ်ပိဿာ(၇၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာ(၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု)တစ်ပိဿာ(၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၃၂၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၄၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဩဂုတ်လ ပထမအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက ရွှေဘိုပေါ်ဆန်းနှင့် ဧည့်မထ (ဆင်း-၃) ဆန်များမှာ ကျပ်(၁၀၀၀၀)ခန့်၊ ဧရာမင်းဆန်မှာ ကျပ် (၁၄၀၀၀)ခန့် မြှင့်တက်လာပြီး စားအုန်းဆီဈေးနှုန်းမှာ ကျပ်(၇၀၀)ခန့် ဈေးနှုန်းမြှင့်တက်လာသည်ကို တွေ့ရှိရသည်။ စားဖိုဆောင်သီးနှံများဖြစ်သည့် ကုလားပဲ၊ ပဲနီလေးနှင့် ငရုတ်ခြောက်(ပု) ‌ဈေးနှုန်းမှာ ကျပ်(၄၀၀)၊ ကျပ်(၈၀၀)နှင့် ကျပ်(၁၀၀၀)ခန့် အနည်းငယ်မြင့်တက်လာပြီး ကြက်သားဈေးနှုန်းမှာ ကျပ် (၁၀၀၀)ခန့် ဈေးနှုန်းကျဆင်းကာ ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)