Main menu

ကန့်ဘလူမြို့၏ ဩဂုတ်လ ဒုတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်(မာကြား) တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငါးဈေးနှုန်းများအား ဩဂုတ်လပထမပတ်နှင့်နှိုင်းယှဉ်ပါက    တီလားဗီးယားအကောင် သေးတစ်ပိဿာလျှင်(၂၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာ ဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)