မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။
မုံရွာမြို့၏ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါးတင် ၁၀၀ လျှင် ကျပ် ၃၀၀၀၀၀၀ မှ ၃၁၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လလျှင် ၁၁၀၀၀၀ မှ ၁၁၅၀၀၀ ထိ၊ မနောသုခစပါးတင် ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ပေါ်ဆန်း စပါးတင် ၁၀၀ လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။
ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ် ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင် ၁၀၀ လျှင် ၅၀၀၀၀၀ ကျပ် ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ၊ မနောသုခစပါးတင် ၁၀၀ လျှင် ၂၀၀၀၀၀ ကျပ် ၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ၃၅၀၀၀၀ ကျပ် ၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် တို့ ဈေးနှုန်းမြင့်တက်ကြောင်း မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)