ကရင်ပြည်နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများဈေးရောင်း/ဈေးဝယ်များအဆင်ပြေလွယ်ကူစေရေးအတွက် အမှတ်(၁)၊ ရေပေါ်စံပြဈေးအား အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းယာယီဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်းသိရသည်။
အဆိုပါဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်အတွင်းဖြစ်ပေါ်နေသော ငါးမျိုးစုံ၏ဈေးနှုန်းများမှာ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၄၇၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ တီလားဗီးယားငါးတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးခုံးမကြီးတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးခုံးမသေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမှုန့်တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ရေချိုငါးခူတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်၊ ရေချိုပုစွန်ထုပ်သေးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ရေချိုပုစွန်ထုပ်ကြီးတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ဂျော့ပုစွန် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ဩဂုတ်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာခဲ့ကြောင်း ငါးအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(ကရင်)