ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ (၈-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၌ ပြည်သူများအား ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ငွေကျပ်၂၅၀၀နှုန်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်၂၂၀နှုန်းနှင့် အခြားသောဒေသထွက်ဟင်းသီးဟင်းရွက်များ၊ အသားငါးများကို သက်သာသောဈေးဖြင့် အပတ်စဉ်အလိုက် မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဈေးနှုန်းသက်သာ စွာရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)