(၈-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနသည် ပန်းတနော်မြို့နယ်၊ စက်မှုလယ်ယာသင်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ သင်တန်းသူ (၅၇)ဦးအား စားသုံးသူအခွင့်အရေးသိရှိနားလည်ကြစေရန် အသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းသူများအား စာဖတ်ခြင်းအကျိုးကျေးဇူးနှင့်ပတ်သက်၍ ရှင်းလင်းပြီး လူငယ်နှင့်ကျန်းမာရေးအကြောင်းကိုဆွေးနွေးခဲ့ပါသည်။ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရုံးကိုယ်စား မအူပင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း ပြည်သူများသည် မိမိတို့၏အခွင့်အရေးကိုသိရှိနားလည်းနိုင်ရန်လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးကိုသိရှိနားလည်ပြီး ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အမှန်တကယ်နစ်နာဆုံးရှုံမှုများဖြစ်ပေါ်လာပါက နစ်နာမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလိုပါက Online မှတစ်ဆင့် တိုင်ကြားလိုသောပြည်သူများအနေဖြင့် DOCA Website၊ DOCA Myanmar Mobile application တို့တွင်ပါဝင်သည့် Consumer Complaint System တိုင်ကြားလွှာပုံစံတို့၌ အချက်အလက်များဖြည့်သွင်း၍ တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center No. (1535) သို့လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့် ဖုန်းနံပတ်များကိုသိရှိနိုင်ရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)