ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် (၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ရေလဲလမ်းရှိ ပြည့်ဖြိုးကြွယ်ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးက ဆန်/စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြှင့်ဆန်များကြိတ်ခွဲတင်ပို့နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကိုဆွေးနွေးခဲ့ပြီး ဆန်စက်ပိုင်ရှင်အား ဆန်စက်အဆင့်မြှင့်တင်နိုင်မှုအခြေအနေ၊ မတည်ရင်းနှီးငွေရရှိနိုင်မှု၊ ဆန်စပါးကြိတ်ခွဲစက်အမျိုးအစားသုံးစွဲမှုအခြေအနေ၊ အခြောက်ခံစက်သုံးစွဲမှုအခြေအနေနှင့် ဆန်/စပါးဈေးကွက်အခြေအနေများ၊ ဆန်အိပ်များ ထုပ်ပိုးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်စေရေးနှင့် ဆက်သွယ်ရန်အတွက် ပြည့်စုံမှန်ကန်သောဖုန်းနံပါတ်များကိုရေးသားဖော်ပြရန်တို့ကို အသိပညာပေးခဲ့ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)