Main menu

လပွတ္တာမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းတွင်ပြုလုပ်သော တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးအသိပညာပေးဟောပြောပွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးခန်း၌ပြုလုပ်သော  တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးအသိပညာပေးဟောပြောပွဲ၌ စားသုံးသူအသိပညာများဟောပြောခဲ့ပါသည်။

 ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံက တက်ရောက်လာသောရပ်ကွက်နေပြည်သူများအား စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို မိမိတို့ဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ၊  ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ရမည့်အချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက်  ပြည်သူများ၏ မေးမြန်းချက်များကိုပါ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ(၂၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)