ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ (အ-ထ-က) (၃)၊ အထက်တန်းကျောင်း၌ (၃-၈-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲ စသည့်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသား/သူ (၁၈၅) ဦးတို့အား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်စပ်လျဉ်း၍ အမေးအဖြေများဖြင့် ဟောပြောဆွေးနွေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က လူကုန်ကူးမှုကိစ္စရပ်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေများအကြောင်းကို လည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီက ၂၀၁၉ခုနှစ်တွင်ပြဋ္ဌာန်းထားသော စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် အခန်း(၁)ပါ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အဓိပ္ပါယ်ဖော်ပြချက်များအကြောင်း၊ အခန်း(၂)ပါ ရည်ရွက်ချက်များ၊ အခန်း (၉) ပါ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များအကြောင်းနှင့် အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပြီး သက်ဆိုင်ရာဌာနများအလိုက် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)