၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သောပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးမှဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်နေပါသည်။
ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀)၊ ပုလဲ ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၁၅၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၅၀၀၀၀ မှ ၁၀၀၀၀၀) ကျော် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ ပြည်ပအနေဖြင့် တရုတ်နှင့် ဗီယက်နမ် နိုင်ငံများသို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာအရည်အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာ လျှင် (၈၅၀၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင်( ၈၃၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၈၀၀၀) ကျပ် ဖြစ်ပြီး (ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ အလတ်စ တစ်ပိဿာ လျှင် (၇၃၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်နေပါသည်။
DOCA(မကွေး)