Main menu

မဘိမ်းမြို့နယ်တွင်ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါဖြိုးဖြိုး (အကြီးတန်းစာရေး) သည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့သွားရောက်၍ “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်ညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရောင်းချလျက်ရှိသောကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးပဒေ ၂၀၁၉ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် ပါရှိရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)