Main menu

သီပေါမြို့၊ သီလရှင်စာသင်တိုက်၌ အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်

Powered by Drupal

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ လွယ်မုဒ်တောင်၊ ရွှေမောင်းသီလရှင်စာသင်တိုက်ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 အဆိုပါဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လင်းလင်းထွန်း (ဒုတိယဦးစီးမှူး) က စားသုံးသူများသိရှိရမည့်အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်ရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သတိပြုကြည့်ရှုဝယ်ယူရမည့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာနှင့် ရွေးချယ်ဝယ်ယူသုံးဆွဲရမည့်ကုန်စည်များ၊ တရားမဝင်သော လုံခြုံစိတ်ချရမှုမရှိသည့်ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲပါက ဖြစ်ပေါ်လာနိုင်သည့်နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင်တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application တွင်လည်းတိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်းကောင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အစရှိသည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာသိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)