စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကာ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အသိပညာဗဟုသုတရရှိစေရေးအတွက် မိမိတို့ရုံးဌာနတွင်ထားရှိသည့် စာကြည့်တိုက်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ပြည်နယ်များမှ စာကြည့်တိုက်တာဝန်ခံများတက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စာကြည့်တိုက်နှင့်ပတ်သက်၍ ဒေါ်ပြုံးပြုံး (ဦးစီးအရာရှိ) ကလည်း စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ရမည့်ကိစ္စရပ်များ၊ အခြေခံလိုက်နာရမည့်အချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး Online Virtual စနစ်ဖြင့် တက်ရောက်လာသော စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်စာကြည့်တိုက်တာဝန်ခံတို့က မိမိတို့ရုံးဌာနတွင်ထားရှိသည့် စာကြည့်တိုက်နှင့်ပတ်သက်သောအကြောင်းအရာများကို အသီးသီး တင်ပြဆွေးနွေးခဲ့ပြီးနောက် စားသုံးရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးကို နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်း/မူဝါဒ/သတင်းနည်းဌာနခွဲများတာဝန်ခံ ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) နှင့် ဒေါ်သီတာဌေး (ဒု-ကြီးကြပ်ရေးမှူး) တို့တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)