စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်အနေဖြင့လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ဘုံလုံသီးကို စိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၂)လကျော်လျှင် အသီးများ စတင်ခူးဆွတ်ရပါသည်။
ဘုံလုံသီးကို တပိုတွဲလတွင် စိုက်ပျိုးကာ တန်ခူးလကျော်လျှင် အသီးများသီးကာ စတင်ခူးဆွတ် ရောင်းချရပါသည်။ ဘုံလုံသီးကို တစ်ကျင်းလျှင် (၂)ပင်ခန့် စိုက်ပျိုးပြီး အပင်ရေ (၁၀)ခန့် စိုက်ပျိုးထား ပါသည်။ ဘုံလုံသီးကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ ဘုံလုံသီးပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀)ကျော် ကျပ်(၆၀၀၀၀)ခန့် ကုန်ကျပြီး တစ်ခါစိုက်ပျိုးလျှင်(၄/၅)လကြာအောင် ခူးဆွတ်ရောင်းချရပါသည်။ တစ်ခါ ခူးဆွတ်လျှင် အတောင့် (၄၀/၅၀)အထိ ပုံမှန်ခူးဆွတ်ရပြီး နေ့စဉ်နေ့တိုင်း ခူးဆွတ်ရပါသည်။
ထို့ကြောင့် ဘုံလုံသီးပင်သည် ရာသီအလိုက် စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် ဘုံလုံသီးတစ်တောင့်လျှင် (၅၀၀)ဈေးရောင်းရကာ ခူးဆွတ်ချိန်ကာလကြာမြင့်စွာ ခူးဆွတ်ရသည့်အတွက် စိုက်ပျိုးသင့်ကြောင်းနှင့် ဘုံလုံသီးများကို မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင်ရောင်းချကာ အရောင်းအဝယ်ဖြစ်ပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုံလုံသီး စိုက်တောင်သူ မနီနီအောင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)