Main menu

မုဒုံမြို့၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျပ်းပပြုလုပ်

Powered by Drupal

   (၁၁-၈-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြု့နယ်တာဝန်ခံသည် မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်ရှိ ဘိုတဲအခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ်ရှုပြီးမှသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www. Doca. gov. mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ (၆၆) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)