၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ ဓမ္မရုံရှေ့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မကွေးမြို့နယ်ဆန်၊ စပါးကုန်သည်များ၏ပံ့ပိုးမှုဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ရောင်းချပေးရာတွင် မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းက သီးထပ်ရင် (အလတ်စ) ဆန်တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၅)အိတ်၊ မကွေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီ (၁)ပိဿာလျှင် (၄၅၅၀)ကျပ်နှုန်းဖြင့် (၅၅၀)ပိဿာ၊ ကြက်ဥ (၅)လုံးလျှင် (၁၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၁၃၀၀)ကျပ်၊ ကုလားပဲ (၁)ဘူးလျှင် (၈၀၀)ကျပ်၊ အိုင်အိုဒင်းဆား(၁)ထုပ်လျှင် (၁၅၀)ကျပ်တို့ဖြင့် လူ(၃၆၀)ဦးအတွက် ရောင်းချပေးနိုင်ခဲ့သဖြင့် နေ့စဉ် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်ခဲ့ပါကြောင်းသိရှိရပါသည်။
DOCA(မကွေး)