ဩဂုတ်လ ပထမ အပတ်အတွင်း ညောင်လေးပင်မြို့၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်ကျပ် ၄၅၀၀မှ ၅၅၀၀အတွင်း ၊ ဇီယာ ဆန်တစ်ပြည်ကျပ် ၃၃၀၀နှင့် ဆင်းသုခ တစ်ပြည်ကျပ် ၃၀၀၀ ဖြစ်ပြီး စားသုံးဆီဈေးနှုန်းမှာ ပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၂၄၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင်ကျပ် ၈၈၀၀ မှ ၁၀၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၇၆၀၀ မှ ၈၀၀၀ အတွင်း၊ ချင်း တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၂၀၀ မှ ၃၄၀၀ အတွင်းနှင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ၂၀၀၀ အတွင်းဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ကြက်ဥတစ်လုံးလျှင် ကျပ် ၂၅၀ မှ ၂၈၀ အတွင်း၊ ဘဲဥတစ်လုံးလျှင် ကျပ် ၂၈၀ မှ ၃၂၀ အတွင်းရှိသည်။ ညောင်လေးပင်မြို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ၁၂၀၀၀ အတွင်း၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀ မှ ၂၂၀၀၀ အတွင်း၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၅၀၀၀ အတွင်း၊ ဝက်သား တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ အတွင်း၊ ငါးကြင်း တစ်ပိဿာလျှင်ကျပ် ၆၀၀၀ မှ ၇၀၀၀ အတွင်း၊ ငါးမြင်း တစ်ပိဿာလျှင်ကျပ် ၄၀၀၀ မှ ၅၀၀၀ အတွင်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
DOCA(ပဲခူး)