ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ပခုက္ကူမြို့၊ အနီးနားဝန်းကျင်ရှိနယ်များဖြစ်သော ကမ္မ၊ မြစ်ခြေ၊ ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိရွာများ၊ လေးလံကျွန်း၊ မြင်းကျွန်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်များမှ ကုန်စိမ်းသီးနှံများကို လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
အရောင်းအဝယ်ဖြစ်နေသောသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ခဝဲသီး၊ ကြက်ဟင်းခါးသီး၊ ကင်းပုံသီးနှင့် အခြားသီးနှံများလည်းအရောင်းအဝယ်ဖြစ်နေပါသည်။ ပခုက္ကူမြို့မစည်ပင်သာယာဈေး၌ ဆန်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိူးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်များအရောင်းအဝယ်ဖြစ်နေပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ရောင်းချလျက်ရှိသောဈေးနှုန်းများမှာ မနောသုခတစ်ပြည်လျှင် (၃၆၀၀) ကျပ်၊ ဇီယာဆန်တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊ ဧရာမင်းရှယ်တစ်ပြည်လျှင် (၄၅၀၀)ကျပ်၊ စားသုံးဆီများဖြစ်သော မြေပဲဆုံဆီ (၁)ပိဿာလျှင် (၁၄၅၀၀-၁၅၀၀၀)ကျပ်၊ စက်ပဲဆီရိုးရိုး (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီ (၁) ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုး အစားအလိုက် (၁)ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀-၁၈၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၂၅၀၀-၂၃၀၀-၂၂၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် (၁၃၀၀၀-၁၂၀၀၀-၁၀၀၀၀)ကျပ်၊ ခရမ်သီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ ခဝဲသီး (၁) ပိဿာလျှင် (၅၀၀-၆၀၀)ကျပ်၊ ရုံးပတီသီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း (၁) ပိဿာလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်၊ ရှောက်သီးတစ်လုံးလျှင် (၁၀၀-၁၅၀)ကျပ်၊ သံပရာသီးတစ်လုံး လျှင် (၅၀ -၇၀) ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀-၃၀၀-၃၅၀) ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် (၁၄၀၀-၁၅၀၀)ကျပ်၊ တိုင်ထောင်ပဲသီး (၁)ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ ဘိုစားပဲသီး (၁)ပိဿာ လျှင် (၂၀၀၀ -၂၅၀၀)ကျပ်၊ နံနံပင် (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ နံနံတစ်စည်းချင်းလျှင် (၈၀) ကျပ်၊ ဒညင်းသီးတစ်လုံးလျှင် (၈၀)ကျပ်၊ ဒညင်းသီး (၁)ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ်၊ မုန်လာဥနီ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဆူးပုပ်ကြီး(ခေါ်) လဟော်ကြီးတစ်စည်းလျှင် (၂၅၀ -၃၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၃၅-၄၅-၅၀) ကျပ်၊ ချင်ပေါင်ရွက်တစ်စည်းလျှင် (၅၀) ကျပ်၊ မွေးမြူရေးကြက်(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၂၃၀၀၀-၂၄၀၀၀) ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၂၂၀၀၀-၂၄၀၀)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၇၃၀၀-၇၅၀၀)ကျပ်၊ ငါးကြင်းဖြူ (၁)ပိဿာလျှင် (၉၅၀၀) ကျပ်၊ ငါးခုံးမ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ ပုစွန်စိတ် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ တီလားဗီးယားငါး (၁)ပိဿာလျှင် (၆၅၀၀-၇၀၀၀)ကျပ်၊ ဗမာကြက် (၁)ပိဿာလျှင် (၁၈၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)