ယခုသြဂုတ်လ ဒုတိယပတ်တွင် ညောင်လေးပင် မြို့မဈေးရှိ ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများမှာ ငရုတ်သီးစိမ်းမှာ တစ်ပိဿာလျှင် ၂၄၀၀ ကျပ် မှ ၂၆၀၀ ကျပ်ထိရှိပြီး ငရုတ်သီးခြောက်မှာ တစ်ပိဿာ ၁၄၅၀၀ ကျပ် ၊ ငရုတ်ခြောက်အပုမှာ တစ်ပိဿာ ၂၂၀၀၀ ကျပ်ထိရှိပါသည်။
ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ၁၀၀ ကျပ် ၊ ပြောင်းဖူးအကြီး တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၃၅၀ ကျပ် ၊ ဂျင်း တစ်ပိသာလျှင် ၄၉၀၀ ကျပ်မှ ၅၀၀၀ကျပ်အထိရှိပြီး မန်ကျည်းမှည့် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ် ၊ မုန်လာဥနီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် ၊ ပဲတောင့်ရှည် တစ်စည်းမှာ ၂၅၀ ကျပ်မှ ၄၀၀ ကျပ်အထိ ရှိသည်ဟု သိရှိရပါသည်။
ကန်စွန်းရွက် တစ်စည်းလျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ် ၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၁၀၀ ကျပ် ၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ် ၊ အိုးမုန်ညှင်း တစ်စည်းလျှင် ၃၀၀ ကျပ်ရှိပြီး ၂စည်းယူလျှင် ၅၀၀ ကျပ်ထိရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)