Main menu

ပခုက္ကူမြို့ပေါ်ရှိ ဩဂုတ်လ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ပထမပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီလက်ကား (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီလက်ကား(၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ လက်လီ (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ နှမ်းရောဆီလက်ကား(၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၉၆၀၀)ကျပ်၊ စားအုန်းဆီလက်ကား(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင် (၈၄၀၀)ကျပ်၊ နေကြာဆီလက်ကား(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီ(၁) ပိဿာလျှင် (၁၂၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်ဇူလိုင်လ(စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုဩဂုတ်လ(ပထမပတ်) တွင် အခြားစားသုံးဆီဈေးနှုန်းများမှာ ဈေးငြိမ်လျက်ရှိပြီး စားအုန်းဆီမှာ အတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝယ်ယူစားသုံးသူများထံမှသိရှိရပါသည်။

    ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာအဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များကလည်း မြေပဲဆံ၊ မြေပဲဆီများကို ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများကို ထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)