Main menu

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင်ပြုလုပ်သော ဆန်စက်လုပ်ငန်း လိုင်စင်ပြုလုပ်နိုင်ရေး ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် စက်မှုကြီးကြပ်၊ မြို့နယ်စည်ပင်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင်ပြုလုပ်သော ငါးပုံ/ဟာလာနှင့် (၁၅)တန်နှင့်အထက် ဆန်စက်လုပ်ငန်းလိုင်စင်ပြုလုပ်နိုင်ရေး ဆွေးနွေးပွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံက တက်ရောက်လာကြသောဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို မိမိတို့ဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ၊  ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်ရမည့်အချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး  တက်ရောက်လာသောဆန်စက်လုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲသို့ ဆန်စက်အသင်းနှင့်ဆန်စက်လုပ်ငန်းရှင်(၃၄)ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)