ပြည်ဈေးကွက်တွင် မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်ဖြူ(ရှမ်း)မှာ ဇူလိုင်လကုန်ပတ်က တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ဈေးရှိခဲ့ပြီး ယခု ဩဂုတ်လပထမပတ်တွင် တစ်ပိဿာလျှင် (၉၅၀၀) ကျပ်ဈေးရှိပါသည်။ ကြူကုတ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးဖြင့် ဈေးငြိမ်နေပါသည်။ ရှမ်းစဈေးအနည်းငယ် တက်လာရခြင်းမှာ ရှမ်းတောင်မှ အဝင်နည်းနေခြင်းဖြစ်ကြောင်း သိရပါသည်။
ခရမ်းချဉ်သီးသီးနှံအနေဖြင့် ယခင်နှစ်ကတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေး၊ ဇူလိုင်လက (၂၀၀၀) ကျပ်ဈေး၊ ဇူလိုင်လကုန်ပတ်က (၂၈၀၀)ကျပ်ဈေးရှိခဲ့ပါသည်။ ယခုဩဂုတ်လပတ် ပထမပတ်တွင် တစ်ပိဿာလျှင် ယခင်ဈေးအတိုင်း (၂၈၀၀)ကျပ်ဈေးဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဇူလိုင်လနှင့်ဈေးနှုန်းကွာဟရခြင်းမှာ စိုက်ပျိုးချိန်တွင် သွင်းအားစု ဈေးကြီးမြင့်နေခဲ့ပြီး သယ်ယူစရိတ်များ မြင့်တက်လာခြင်းများကြောင့်ဖြစ်ကြောင်း သိရပါသည်။
အာလူးသီးနှံအနေဖြင့် ရှမ်းအာလူးများဈေးကွက်တွင် လက်ကျန်များရှိနေသည့်အတွက် ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဈေးဖြင့် ဈေးငြိမ်လျက်ရှိပါသည်။
ယခုကာလသည် ဝါတွင်းကာလဖြစ်၍ အလှူပွဲများရှိနေခြင်းကြောင့် မီးဖိုချောင်သုံး သီးနှံများ ယခင်ထက်အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)