ဓနိဖူးဆိုသည်မှာ ဓနိပင်၏ပင်စည်မှ ရိုးတံတစ်ခုအဖြစ်ထွက်လာပြီး ၎င်းရိုးတံ၏ထိပ်ဖျားတွင် သံလျက်ပုံစံလေးများအဖြစ်စု၍ ဖွဲ့စည်းတည်ရှိနေကြသည့် အဖူးလေးများဖြစ်ပါသည်။ ဓနိဖူးခြောက်သည် သဘာဝအတိုင်းပေါက်ရောက်နေသော ဓနိပင်မှ ဓနိဖူးကိုခုတ်ပြီး သင့်တော်သော အရွယ်အစားလေးများအဖြစ် လှီးဖြတ်ကာ သဘာဝနေရောင်ဖြင့် (၃)ရက်မှ(၅) ရက်အကြာ အခြောက်လှန်းကာ သဘာဝအတိုင်း ထုတ်လုပ်လျက်ရှိသည့် သဘာဝဆေးဘက် ဝင်ပစ္စည်း ဖြစ်ပါသည်။ ထိုသို့သဘာဝဆေးဖက်ဝင် ဓနိဖူးခြောက်ရေကို သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ သွေးတိုး၊ ဆီးချိုစသော အာရုံကြောဆိုင်ရာရောဂါများကို အကောင်းဆုံး ကာကွယ်ကုသမှုပေးနိုင်ပါသည်။
ဓနိဖူးခြောက်ကို ဈေးကွက်အတွင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဩဂုတ်လပထမပတ်တွင် (၁၀၀)ဂရမ်ပါသော ဓနိဖူးခြောက်တစ်ထုတ်လျှင် (၅၀၀၀)ကျပ်၊ (၁၄၀)ဂရမ်တစ်ထုတ်လျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)