ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ဒေသထွက်မန်ကျည်းမှည့်များ အဝင်နည်းလာတာကြောင့် မန်ကျည်းမှည့်ဈေးအနည်းငယ် တက်လာခဲ့ပါသည်။ မန်ကျည်းမှည့်ကို ဒေသတွင်းရှိဈေးများမှ လက်လီသမားများက လိုသလောက်အစွဲရှိတာကြောင့် အရောင်းအဝယ်အသင့်အတင့်ရှိပါသည်။ ယခု ဩဂုတ်လဆန်းပိုင်းတွင် ရခိုင်ဘက်သို့ တင်ပို့မှုအနည်းငယ်ရှိပြီး မန်ကျည်းမှည့် ဈေးနှုန်းများ အနေဖြင့် (ပွဲရုံဈေး) တစ်ပိဿာလျှင် (၂၂၀၀-၂၈၀၀)ကျပ်ဖြစ်ပြီး၊ ဒေသတွင်းဈေးများတွင် လက်လီ ဈေး (၄၀၀၀-၄၅၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)