Main menu

လက်လီရောင်းဝယ်ရေးသမားတို့ အဝယ်လိုက်နေတဲ့ပြည်ချင်း

Powered by Drupal

   ပြည်ချင်းပွဲရုံများသို့ ချင်းဥမများဝင်ရောက်မှုမှာ ပုံမှန်ဖြစ်နေပြီး ချင်းဥမအတက်ကြီးများ လှပနေပြီး ရောင်းဝယ်ရေးသမားတို့ကို ဆွဲဆောင်မှုရှိနေကာ လက်လီသမားတို့ အစွဲများနေတာ တွေ့ရပါသည်။ မြို့တွင်းရှိ ဒါးလှီးချင်းဖတ် ရောင်းဝယ်ရေးသမားတို့ကလည်း အဝယ်များ နေတာ တွေ့ရပါသည်။ ယခု ဩဂုတ်လပထမပတ်တွင် ပြည်မြို့တွင် ဖြစ်ပေါ်လျက်ရှိသော ချင်းဈေးများမှာ (ပွဲရုံဈေး) တစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် (၄၅၀၀-၅၀၀၀) ကျပ်ဈေးဖြင့် ယခင်ဇူလိုင်လကုန်ထက်စာလျှင် ချင်းဈေးများကျဆင်းလာပြီး တစ်ပိဿာလျှင် (၅၀၀ကျပ်မှ ၈၀၀ကျပ်)ထိ ဈေးများကျဆင်းလာတာ တွေ့ရပါသည်။

DOCA(ပဲခူး)