Main menu

ရာသီပေါ်သီးသီးအကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal

     သီးသီးကို ဒီအတိုင်းစားကြသလို ယိုထိုးပြီးလည်းစားသုံးကြပါသည်။ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အခေါက်ကြမ်းကြမ်းများနှင့်အတူ ဆူးများရှိတက်ပြီး ရှောက်ပင်၊ သံပုရပင်၊ သနပ်ခါးပင်၊ ပျဉ်းတော် သိမ်ပင်တို့နဲ့မျိုးရင်းတူပြီး မွှေးရနံ့ရှိပါသည်။

    သီးသီးကိုယိုပဲထိုးစားစား အနှစ်ကိုတိုက်ပြီးဖျော်ရည်လုပ်သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့ဖြင့်နယ်ပြီး စားစား အရသာရှိတဲ့ အသီးလေးက အစာခြေစနစ်ကောင်းပြီး ကျန်းမာစေပါသည်။ ဝမ်းမှန်သလို အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေပါသည်။ သိပ်မမှည့်သေးသော သီးသီးကို ဝမ်းပျက်ဝမ်းလျောသက်သာစေရန် အသုံးပြုကြပါသည်။ သီးသီးအရွက် ကြိတ်ရည်ကို အရေပြားတွင် လိမ်းပေးပါက အင်ပျဉ်အပြင် ဝက်ခြံများလည်း သက်သာစေပါသည်။ သီးသီးသည် ပန်းနာရင်ကျပ်ကိုသက်သာပြီး ရင်သားနှင့်သားအိမ်ကင်ဆာများကိုလည်း ကာကွယ်ပေးပါသည်။ ကျောက်ကပ်ကိုကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေပါသည်။

    ပြည်မြို့ရှိ မြို့သစ်ဈေးတွင် ပြည်ဒေသထွက်သီးသီးများကို ရာသီချိန်ဖြစ်၍ အများအပြား ရောင်းချကြောင်း သိရပါသည်။ ရာသီစာသီးသီးဈေးနှုန်းအနေဖြင့် ဩဂုတ်လပထမပတ်တွင် တစ်လုံးလျှင် (၂၅၀-၃၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)