ယခုတစ်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲဈေးအားလုံးလိုလို ဈေးမြင့်တက်လာခဲ့တဲ့အတွက် ထောပတ်ပဲသီးနှံဟာဆိုလျှင်လည်း ပိဿာ(၂၀)တစ်တင်း ကျပ်(၁)သိန်းကျော် အထိဈေးမြင့်လာခဲ့ ပါသည်။ ထောပတ်ပဲသီးနှံသည် ယခုကာလတွင် ဈေးကွက်သို့ ပဲသစ်များ ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များ နေ့စဉ်လက်လီသမားများဖြင့် အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ဒါ့ကြောင့် လက်လီပဲဈေးကွက်တွင် အဆိုပါပဲများ ဈေးမြင့်တက်ခဲ့တာကြောင့် လက်ကားအဝယ်ရှိသော ပြည်ပ ဝယ်လက်မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက်ပင် ဈေးပိုရလျက်ရှိခဲ့ပါသည်။ ယခင်နှစ်က ထောပတ် ပဲသီးနှံ၏ ကာလတူအချိန် ဈေးကွက်၌အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးမှာတစ်တင်းကျပ် (၅)သောင်းကျပ် ခန့်သာ ရရှိခဲ့တဲ့အတွက် ယခုနှစ်ထောပတ်ပဲသီးနှံဈေးမှာ ယခင်နှစ် ထက်ဈေးထက် ကျပ်(၅)သောင်းခန့်ထပ်မံ မြင့်တက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)