ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနှံအသစ်များ အဝင်ဆက်တိုက်ရှိလာခဲ့ပါသည်။ ပဲအထွက်လှိုင်လာပြီဖြစ်လို့ နယ်စုံမှပဲသစ်များ ရေလမ်းရော၊ ကုန်းလမ်းပါဝင်ရောက်လာကြပါသည်။ ဒါ့ကြောင့် တစ်ရက်အိတ် (၃၀၀/၄၀၀)ကျော် နေ့စဉ်အဝင်ရှိခဲ့ပါသည်။ ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ် လက်ထက်၊ မန္တလေးဝယ်လက်သမားပိုအဝယ်ရှိကြောင်း သိရပါသည်။ ဝင်ရောက်လာသမျှပဲအားလုံး အရောင်းအဝယ်သွက်လျက်ရှိကာ ပဲဈေးအနေဖြင့် ပိဿာ(၂၀)တစ်တင်း (၅၆၀၀၀)ကျပ်မှ (၅၇၀၀၀) ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးရှိခဲ့ကြပါသည်။ ယခင်နှစ်က မိုးပဲတီစိမ်းသစ်များ ပဲအဝင်နောက်ကျခဲ့လို့ ယခုသြဂုတ်လတွင်း ဝင်ရောက်လာခြင်းမရှိဘဲ စက်တင်ဘာလမှသာ ဝင်ရောက်ကြမည့်အတွက် ယခုနှစ်မိုးပဲတီစိမ်းသစ်များ ပဲသစ်အဝင်စောခဲ့တယ်လို့ သိရပါသည်။ ယခင်နှစ်က ပဲသစ်ဈေးမှာ တစ်တင်း (၅၁၀၀၀)ကျပ်သာရှိခဲ့လို့ ယခုနှစ်ဈေးနှင့်ယှဉ်လျှင်တော့ တစ်တင်းကျပ် (၅၀၀၀)ကျော်ခန့်သာ ဈေးပိုရခဲ့ပြီး ပဲဈေးကွက်မှာလည်း အခြားပဲသီးနှံများထက်ဈေးလျော့ အရောင်းအဝယ်ဖြစ်နေခဲ့တဲ့ ပဲသီးနှံတစ်မျိုးဖြစ်နေခဲ့ပါသည်။
DOCA(ပဲခူး)