Main menu

လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်နေတဲ့ပဲဈေးမှာ ပဲကြီးသီးနှံအမြင့်ဆုံးရနေခဲ့

Powered by Drupal

    ပြည်ပဲဈေးကွက်အတွင်း ဒေသတွင်းဝယ်လက်များ အဓိကဝယ်ယူမှုရှိနေသော ပဲကြီးသီးနှံဟာဆိုလျှင်ဖြင့် ယခုဩဂုတ်လဆန်းပိုင်းမှစ၍ ဈေးထပ်မံမြင့်တက်လာခဲ့သည့်အတွက် (ကမ်းနား) ပဲတစ်တင်း (၉၆၀၀၀)ကျပ်၊ (ရွှေကျွန်း)ပဲတစ်တင်း (၁၀၀၀၀၀)ကျပ်အထိ ဈေးကောင်းရနေခဲ့ကြပါသည်။ ဒေသတွင်း ပဲခွဲစက်သမား၊ ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူလျက်ရှိကာ တစ်ရက်အိတ် (၂၀၀/၃၀၀) ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဝင်ရောက်ခြင်းမရှိပေမယ့် ပဲလက်ကျန်များရှိသည့်အတွက် ဝယ်လက်ရှိသလောက် ရောင်းချမှုဖြစ်ခဲ့ကြပါသည်။ ယခင်နှစ်ကလည်း ပဲဈေးကွက်မှာ ပဲကြီးသီးနှံ ဈေးကောင်းရတဲ့အတွက် ဩဂုတ်လအတွင်း (ရွှေကျွန်း)တစ်တင်း (၇၆၀၀၀)ကျပ်၊ (ကမ်းနား)တစ်တင်း (၇၃၀၀၀)ကျပ်ဖြင့် အသီးသီးရောင်းဝယ်နေခဲ့သလို ပဲဈေးကွက်မှာလည်း ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်ခဲ့ကြတဲ့ ပဲသီးနှံဖြစ်ခဲ့ပါသည်။ ယခုနှစ်မှာလည်း လက်လီ/ လက်ကားရောင်းဝယ်မှုအဖြစ်များတဲ့ မတ်ပဲ၊ ကုလားပဲသီးနှံများနှင့်ယှဉ်လျှင် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေတဲ့ ပဲသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)