Main menu

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင်ရောင်းချလျက်ရှိသော မျှစ်ဈေးကွက်

Powered by Drupal

   မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် ဒေသအသီးသီးမှ ကျေးလက်ဒေသထွက် အစားအစာ၊ အခြေခံစားသောက်ကုန်များကိုရောင်းဝယ်ဖောက်ကား၍ စည်ကားလျက်ရှိသည်။ ချင်းတွင်းမြစ်ရိုး၏ တစ်ဖက်ကမ်းဖြစ်သော ဆားလင်းကြီး၊ ယင်းမာပင်၊ ဖိုလ်ဝင်တောင်၊ ပုလဲ၊ ကနီဒေသမှထွက်ရှိသည့်ာ မျှစ်များဝင်ရောက်လျက်ရှိပြီး ပြည်ထောင်စုဈေးတွင် နေ့စဉ်ရောင်းချလျက်ရှိကြောင်းသိရသည်။

    ယခုမိုးရာသီအချိန်တွင် တောင်ရိုးမျှစ်စိမ်း၊ တောင်ရိုးမျှစ်၊ ဖိုဝင်တောင်မျှစ်များကို ဈေးကွက်တွင်ရောင်းချလျက်ရှိရာ မျှစ်တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၃၅၀၀)ကျပ်အထိ ရောင်းချရကြောင်းသိရသည်။ မျှစ်မှာ စားသုံးသူများက ရာသီစာဖြစ်၍ ဝယ်ယူစားသုံးမှုများပြီး မျှစ်ချိုးရောင်းချသူများလည်း အပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)