ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ထောင်မှူးချောင်ကျေးရွာရှိ agristar ဆန်စက်သို့သွားရောက်၍ စက်ရုံမန်နေဂျာ ဒေါ်ဇင်ဇင်ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် MSMEs ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီစက်ယူနစ်များတပ်ဆင်အသုံးပြုမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်ရရှိမှုအခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဆန်စပါးသိုလှောင်ရာတွင် အရည်အသွးထိန်းသိမ်းထားရှိမှု၊ ထုပ်ပိုးမှုများစနစ်တကျရှိစေရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)