နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် အပတ်စဉ်သောကြာနေ့တိုင်း အခြေခံစားကုန်များကိုရောင်းချပေးလျက်ရှိပါသည်။ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စာသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ပေါင်းတည်မြို့နယ် ဘုရားကြီးလမ်းတွင်ယခု ဩဂုတ်လတွင် ရောင်းချပေးနေသော အခြေခံစားကုန်များနှင့် ဈေးနှုန်းများမှာ ဆန်တစ်ပြည် (၂၅၀၀) ကျပ် ၊ ကြက်ဥတစ်လုံး (၂၅၀)ကျပ်၊ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ကြက်သားcp တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၂၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၃၀၀၀)ကျပ်ဖြင့် ရောင်းချပေးနေပါသည်။ ဟင်းသီးဟင်းရွက်များမှာ ခဝဲသီး (ရှည်)တစ်တောင့် (၁၅၀)ကျပ်၊ ပဲသီး(၁၀)တောင့်ပါတစ်စည်း (၁၀၀)ကျပ် ၊ ကန်စွန်းရွက် တစ်စည်း (၁၀၀)ကျပ်၊ ရွှေဖရုံသီးတစ်လုံး (၃၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်လုံး(၁၀၀)ကျပ်၊ ခရမ်းသီး (အကြီး)တစ်လုံး (၁၀၀)ကျပ်၊ မြင်းခွာရွက် သုံးစည်း (၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်း (၅၀)ကျပ် တိုဖြင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို အပါတ်စဉ် သောကြာနေ့တိုင်း ရောင်းချပေးနေကြောင်းသိရ ပါသည်။
DOCA(ပဲခူး)