Main menu

ဩဂုတ်လအတွင်း ဇီးကုန်းမြို့နယ်တွင် ဖြစ်ပေါ်နေသောမတ်ပဲဈေးနှုန်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပွဲရုံများတွင် ယခုဩဂုတ်လ (ဒုတိယပတ်)တွင် ရောင်းဝယ်နေသောမတ်ပဲဈေးနှုန်းများမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၅၅၀၀) ကျပ်ဈေးဖြစ်သဖြင့် ယခုဇူလိုင်လ (တတိယပတ်)ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါသည်။

    ယခင် ဇူလိုင်လ (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးမှာပိဿာ(၂၀)  တစ်တင်းလျှင်(၇၄၀၀၀)ကျပ် ဖြစ်ခဲ့ပြီး စတုတ္တပတ်တွင် တစ်တင်းလျင်(၇၃၅၀၀) ကျပ် ထိဈေးကျ ဆင်းခဲ့ပါသည်။ ယခုဩဂုတ်လ ပထမပတ်တွင် ရောင်းဝယ်ခဲ့သောဈေးနှုန်းမှာ ပိဿာ(၂၀) တစ်တင်းလျှင်  (၇၄၅၀၀ )ကျပ်ဖြစ်ခဲ့ပြီး ယခုဒုတိယပတ်တွင် (၇၅၅၀၀)ကျပ်ဖြင့် အရောင်း အဝယ်  ဖြစ်နေကြောင်း သိရှိရပါသည်။

 ဇူလိုင်လ (တတိယပတ်)ဈေးနှုန်း ပိဿာ(၂၀)တစ်တင်းလျှင်(၇၄၀၀၀)ကျပ်ဈေး နှင့် ဩဂုတ်လ(ဒုတိယပတ်)ဈေးနှုန်း (၇၅၀၀၀)ကျပ်ကို နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်အမြင့်ဖြင့်သာ ရောင်းဝယ်နေသည်ကို တွေ့ရပြီး ရောင်းဝယ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ ပုံမှန်တစ်ရက်လျှင်  ပိဿာ (၂၀)ဝင်အိတ်၊ အိတ်(၂၀၀-၂၅၀)အထိ တင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)