ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း (၁၄.၈.၂၀၂၃)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်/ မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စက်မှုလယ်ယာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပါဝင်သောပူးပေါင်းအဖွဲ့သည် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ သဲကုန်းမြို့နယ် ပွဲပြည့်စိုက်ပျိုးရေးခြံ၊ ပေါင်းတည်မြို့နယ် စိုက်ခြံသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ရွှေနံသာ ပေါ်ဆန်းမွှေးစပါး လျာထားချက်အပေါ် တမန်းနှိုးပြီး အခြေအနေ၊ ဓါတ်မြေဩဇာထည့်သွင်းမှုအခြေအနေ၊ စိုက်ပျိုးပြီးစီးမှု၊ ပျိးထောင်စိုက်ခင်း၊ ကြဲခင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ခြင်း၊ Drum Seederများနှင့် စိုက်ပျိုးခြင်းတို့ကို လေ့လာကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
နတ်တလင်းခရိုင်အတွင်း ရွှေနံသာပေါ်ဆန်းစပါးစိုက်ပျိုးမှုမှာ နတ်တလင်းမြို့နယ်တွင် (၁၆)ဧက၊ ဇီးကုန်းမြို့နယ်တွင် (၅)ဧက၊ သဲကုန်းပွဲပြည့်တွင် (၂)ဧက၊ ပေါင်းတည်မြို့နယ်တွင် (၅)ဧက စုစုပေါင်း (၂၈)ဧက စမ်းသပ်စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)