Main menu

ကံမမြို့နယ်၊ ကျေးရွာများ၌ မိုးစပါးများစိုက်ပျိုးလျက်ရှိ

Powered by Drupal

   ကံမမြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများသည် မဒေးဆည်ရေလှောင်တမံမှရရှိသော ဆည်ရေများဖြင့် နွေစပါး၊ မိုးစပါးများစိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးလျာထားဧကမှာ (၂၄၂၆၂)ဧကဖြစ်ပြီး ဩဂုတ်လ(ဒုတိယပတ်)အထိ စိုက်ပျိုးပြီးစီးမှုဧကမှာ (၁၈၇၂၁)ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

     စပါးများစိုက်ပျိုးရာတွင် စပယ်ခြုံကျေးရွာ၌ ဆာဖိုးသာစပါးမျိုးကို နွေစပါးအဖြစ် (၇)ဧကစိုက်ပျိုးထားရာ (၁)ဧကလျှင် အထွက်နှုန်း(၁၅၂.၈၆)တင်းထွက်ရှိကြောင်း၊ အထွက်တင်းအနေဖြင့် (၁၀၇၀)တင်းရရှိပြီး တင်း(၈၀၀)ကို မျိုးစပါးအနေဖြင့် ဒေသခံတောင်သူအချင်းချင်းဖြန့်ဝေရောင်းချကြပါကြောင်း၊ ဧည့်မထအုပ်စုတွင်ပါဝင်၍ ဆန်မှာ စီး၍လူကြိုက်များပါကြောင်း၊ ဆာဖိုးသာစပါးမျိုး (၁)တင်းလျှင် ကျပ်(၂၅၀၀၀)ဖြင့် တောင်သူအချင်းချင်းဖလှယ်၍ ရောင်းချပါကြောင်း တောင်သူများထံမှသိရှိရပါသည်။ ဆာဖိုးသာစပါးမျိုးမှာ အထွက်နှုန်းကောင်းမွန်သောကြောင့် မိုးစပါးအဖြစ် ဧက(၂၀၀)လျာထားကြောင်း၊ ကျောက်မဲကျေးရွာတွင် ဧက(၁၀၀) စိုက်ပျိုးပြီး အခြားကျေးရွာများ၌ (၅၂)ဧကစိုက်ပျိုးလျက်ရှိရာ ဩဂုတ်လ(ဒုတိယပတ်)ထိ ဧက (၁၅၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

DOCA(မကွေး)