စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး သြဂုတ်လ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၉၂၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုဩဂုတ်လ တတိယအပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၁၀၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊ပဲဆီသန့် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)