၅.၁၁.၂၀၂၁ ရက်နေ့၊ နေ့လယ် (၀၂:၀၀) နာရီတွင် ပြည်ပမှတင်သွင်းသော စားအုန်းဆီ (Palm Olein Oil) အရည်အသွေးသတ်မှတ်ချက်များထုတ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ Virtual Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှု လုပ်ငန်းလီမိတက်(MITS)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် စားသုံးဆီသုံးစွဲမှုအနေ နှင့် တစ်နှစ်ကို တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်နိုင်မှု တန်ချိန် ၃ သိန်း ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ စားအုန်းဆီများကိုပြည်ပမှအများဆုံးတင်သွင်းလျက် ရှိရာ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်း စားသုံးဆီတင်သွင်းမှု၏ ၉၅.၄၆၈ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချနိုင်ရေး၊ စားသုံးသူများ အရည်အသွေးပြည့်ဝသော စားသုံးဆီများဝယ်ယူ စားသုံးနိုင်ရေးနှင့် စားအုန်းဆီအရည်အသွေး သတ်မှတ်ချက်များအား ခေတ်နှင့်အညီ သတ်မှတ်နိုင်ရေးတို့အတွက် ပြည်ပမှတင်သွင်းသော စားအုန်းဆီ (Palm Olein Oil) အရည်အသွေးသတ်မှတ်ချက်အမိန့်ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက စားအုန်းဆီအရည်အသွေး သတ်မှတ်ချက် (မူကြမ်း) အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၅:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ပမှတင်သွင်းသော စားအုန်းဆီ(Palm Olein Oil) အရည်အသွေး သတ်မှတ်ချက် များထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား Virtual Meeting ကျင်းပ
Powered by Drupal