စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည်(၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ဈေး၊ မြို့မဈေး၊ ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင် (၈)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါ စစ်ဆေးမှု၌ ညောင်တုန်းမြို့ရှိ စားသုံးဆီကုန်မျိုးစုံရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့သည် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်မျာပါဝင်မှုရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းကိုပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)