စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် Coporate Video File ပြုစုထိန်းသိမ်းနည်းနှင့် သတင်းရေးသားနည်းသင်တန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် သင်တန်းသားစုစုပေါင်း (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်း၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများနှင့်သင်တန်းသားများအား ရင်းနီးစွာမိတ်ဆက်စကားပြောကြားခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းနည်းပြက သတင်းသမားများလိုက်နာကျင့်သုံးရမည့်အချက်အလက်နှင့်စည်းကမ်းများ၊ သတင်းရေးသားသူသိရမည့်အချက်များ၊ သတင်းစားသုံးသူတို့အတွက် အမှန်တကယ်အကျိုးခံစားခွင့်ပေးရမည့်အကြောင်းအရာများကိုသင်ကြားပို့ချခဲ့ပါသည်။
သင်တန်းကို (၁၇-၈-၂၀၂၃)ရက်နေ့မှ (၁၈-၈-၂၀၂၃)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခြင်းကြောင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် စားသုံးသူပြည်သူများအား မိမိတို့ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုထိရောက်စွာသတင်းရေးသားဖော်ပြပေးသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့မှုအရသိရပါသည်။
DOCA(ကရင်)