Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၉)ရက်နေ့မှ ဩဂုတ်လ(၁၅)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၄၀၀) မှ ကျပ်၁၆၀၀အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၃၀၀မှ ကျပ်၁၅၀၀အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်၂၆၀၀မှ ကျပ်၂၈၀၀အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်၂၅၀၀မှ ကျပ်၄၅၀၀အတွင်း၊း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၁၀၀၀မှ ကျပ်၃၀၀၀အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်၈၀၀မှ ကျပ်၁၅၀၀အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၂၅၀၀အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ်၁၈၀၀မှ ကျပ်၂၃၀၀အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်၇၀၀၀မှ ကျပ်၉၀၀၀အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၇၀၀၀မှ ကျပ်၇၅၀၀အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်၃၅၀၀မှ ကျပ်၅၅၀၀အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၇၅မှ ကျပ်၁၂၅အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ်၁၀၀၀မှ ကျပ်၂၀၀၀အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်၃၀မှ ကျပ်၁၀၀အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ်၁၄၀၀မှ ကျပ်၂၄၀၀အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးစီလျှင် ကျပ်၁၂၀၀မှ ကျပ်၆၀၀၀အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း(၃၇၇၄၀၀)ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၃၀၅၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၁၈၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၄၄၁၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၆၈၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၃၃၀၀)ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၉၀၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၃၇၂၀၀)ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)