Main menu

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၃-၈-၂၀၂၃)ရက်နေ့မှ (၉-၈-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၆၅၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၆၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၅၀ကျပ်မှ ၂၄၅၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိဖြစ်ပြီး (၁၀-၈-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၆၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၈၀၀)ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၄၀၀ကျပ်မှ ၂၈၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၅၀၀ကျပ်မှ ၇၈၀၀ကျပ် အထိဖြစ်၍ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)