Main menu

ဩဂုတ်လ တတိယပတ်အတွင်းဖြစ်ပေါ်နေသော နွေစပါးနှင့် ဆန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယပတ်တွင်  နွေစပါးနှင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဩဂုတ်လ၊ တတိယပတ်တွင် ၂၀၂၃ခုနှစ်ထွက်နွေစပါး ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၉၀၀၀၀ဝိ/) ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်စက်ပိုင်များ ထံမှ သိရှိရပါသည်။ ဩဂုတ်လ၊ ဒုတိယပတ်တွင် ၂၀၂၃ခုနှစ်ထွက်နွေစပါး ရွှေဝါထွန်းစပါးတင်း (၁၀၀)လျှင် (၁၈၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၇၇၀၀ဝိ/-)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဩဂုတ်လ၊ ဒုတိယပတ်နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတတိယပတ်တွင် ဒုတိယပတ်ထက် ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၀၀၀၀ဝိ/-) ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူ၌ ရွှေဝါထွန်းစပါး တင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင် (၃၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ် ကာလတူထက် ရွှေဝါထွန်းစပါးတင်း(၁၀၀)လျှင် (၉၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်တစ်အိတ်လျှင်(၄၂၀၀ဝိ/-) ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ ယခုအပတ်တွင် ဆန်တစ်အိတ် ဈေးနှုန်းနှင့် စပါးဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လာသော်လည်း ဆန်အိတ်များမှာပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုန်ကြမ်းဖြစ်သည့်စပါးမှာရောင်းချမှု နည်းပါးကြောင်း ဆန်စက်ပိုင် နှင့် ကုန်သည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)