စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဩဂုတ်လ၊ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါ သည်။ ပဲတီစိမ်းမှာ ဧပြီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဩဂုတ်လ၊ တတိယပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင်(၅၄၃၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀)တင်း/ (၉၈)တန် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခင်နှစ်ကာလတူတွင် ပဲတီစိမ်းများ အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ကုန်သည်အများစုအနေဖြင့် ယခုအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ပဲတီစိမ်းများကို သိုလှောင်ထား သည်ကနည်းပါးပြီး ဆက်လက်တင်ပို့ရောင်းချကြကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)