Main menu

ဆိပ်ဖြူမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် (၁၄-၈-၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၉၀)ဦး၊ စုစုပေါင်း(၂၀၄)ဦးနှင့် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ယောဝရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ ဆရာ/ဆရာမ(၉)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၇၁)ဦး၊ စုစုပေါင်း(၁၈၀)ဦးတို့အား နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် မိတ်ဖက်ဌာနဖြစ်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

 ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းတို့ကိုရှင်းလင်းခဲ့ပါသည်။

   ဒု-ဦးစီးမှူး ဒေါ်တင်မာရီက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလိုအသိပညာပေးရခြင်းဖြစ်ကြောင်း၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်မှာ အရေးကြီးကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာရရှိရန်လိုအပ်ကြောင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်သုံးစွဲရာတွင်ဖြစ်စေ၊ ဝန်ဆောင်မှုရယူရာတွင်ဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းမှုမှာ အလွန်အရေးကြီးသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များအား စိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိကလည်း ပလတ်စတစ်အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများကတိုင်ကြားနိုင်ကြောင်း၊ DOCAWebsite၊  Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application    နှင့်  Consumer Call Center No. (1535) တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသောကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေး(၈)ချက်ကိုမေးမြန်းပြီး ဖြေဆိုနိုင်သောကျောင်းသား/ကျောင်းသူများအား ဆုလက်ဆောင်များချီးမြှင့်ပြီး  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)