Main menu

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

Powered by Drupal

    သထုံခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ၊ ဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ အတက်ဘက်သို့ဦးတည်ခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၃၃) တန်ခန့်စီးထွက်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် မော်လမြိုင်သို့ (၃၃၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၂၈) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၀) တန်ခန့်စီးဝင်ခဲ့ပြီး ယခုဩဂုတ်လ၊ တတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီး မှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးဝင်လျက်ရှိပါသည်။

      သထုံခရိုင်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါးဆန်ဈေးနှုန်းများမှာ ဒေသပေါက်ဈေးအနေဖြင့် ကျားပျံဟိုတယ် တင်း (၁၀၀) လျှင် (၃၀၀၀၀၀၀) ကျပ်ခန့်၊ ပေါ်ဆန်းဝါ တင်း (၁၀၀) လျှင် (၂၉၀၀၀၀၀) ကျပ်ခန့်၊ ကမာကြည် တင်း (၁၀၀) လျှင် (၂၆၅၀၀၀၀) ကျပ်ခန့်၊ ဧည့်မထ တင်း (၁၀၀) လျှင် (၂၃၀၀၀၀၀) ကျပ်ခန့်နှင့် ကျားပျံဟိုတယ် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်ခန့်၊ ပေါ်ဆန်းဝါတစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်ခန့်၊ ကမာကြည်တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်ခန့်၊ ဧည့်မထတစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် စပါး/ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ အနည်းငယ်ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)