Main menu

ဖြူးမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအကြောင်း Talk Show အစီအစဉ်ဖြင့် ဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် ဦးစီးဌာနကဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို အများပြည်သူများသိရှိစေရန် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များရှိရာသို့ကွင်းဆင်း၍ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍လည်း Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲကို Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

     မြို့နယ်တာဝန်ခံက ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (Micro, Small and Medium Enterprise – MSME) များသည် အဓိကအရေးပါသည့်အကြောင်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အခြေခံအချက်အလက်နှင့် အခန်းကဏ္ဍများ၊ မြန်မာ့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည့်အကြောင်းများကိုဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)